Sunday, September 11, 2016

Phone contact များမပျက်အောင်သိမ်းမယ်

ဘယ်တော့မှ မပျက်တဲ့ Phone Contact သိမ်းတဲ့နည်းလမ်းများ
============================
လူအချို့အသုံးမကျလို့ဗျာ ပြန်လည်တင်ပေးလိုက်တယ်😂ပျက်ကုန်လို့ဆိုပြီး ဖင်ထောင်ပြီးအော်နေကတယ် ကိုယ်အသုံးမကျတာပါ 😁

Android မှာဆို Setting >> Accounts and Sync  >> Add Email >> YOUR EMAIL (GMAIL OR Others) >> Sync Contact က Auto ပါတယ်။ အလုပ်ရှုပ်မခံချင်ရင် Faecebook Sync ကိုပိတ်ထား။

iOS
=====
iOS မှာဆို လွယ်သေးတယ် သုံးတာနဲ့ Apple ID နဲ့ဝင်ရတာ။ ဥပမာ -winhtet@icloud.com လို  Apple ID ကကိုယ့်ရဲ့ Email ပဲ ကိုယ့်ရဲ့ Everything ပဲ ။ ဘာမှကိုမလိုတာ။ နောက် Device တခုပြောင်းတာနဲ့ Apple ID ကိုဝင်လိုက် Cloud မှာသိမ်းပြီးသားဟာတွေ ပြန်လည်တွေ့ပါမယ် ။

Keyypad
=======
Android/Keypad ဘယ်ဖုန်းမဆို ဆို Contact ထဲသွား Option မှာ  Export လုပ်.. Storage ထဲကို *.VCF File လေးကျလာလိမ့်မယ်။ အဲဒါကို ဟိုဘက်ဖုန်းကို သွားပြာနဲ့ပို့လိုက်..  ပြီးရင် ဟိုဘက်ဖုန်းက Contact ကိုဖွင့် , Option >> Import ကိုရွေး.. ရထားတဲ့ VCF Fileကို select လုပ်လိုက်။ ဟိုဘက်က ရှိသမျှ နံပါတ်တွေ အားလုံး ဒီထဲရောက်.. ! ကိုင်း.. ဘာခက်တုန်း ??

Post a Comment

Credits