Sunday, September 25, 2016

``အင်းဝအပ်ချုပ်ဆိုင်မြန်မာအိမ်အကူမလေးနှစ်ဦးနှင့်ပတ်သက်၍မဘသအဖွဲ့ကြီးမှအသိပေးထုတ်ပြန်ချက်တစ်ဆောင်ထုတ်ပြန် ***********************************


အသိပေးထုတ်ပြန်ချက်
~~~~~~~~~~~~~~~~~
၁။         ရန်ကုန်တိုင်းဒေသကြီး၊ ကျော်တံတားမြို့နယ်၊ လမ်း ၄၀၊ အထက်ဘလောက်၊ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကိုယ်ကျိုးစွန့်ပြီး ရဲရဲဝံ့ဝံ့ခက်ခက်ခဲခဲ ကြိုးကြိုးစားစား အများသိအောင် သတင်းထုတ်ဖော်ပေးသော Myanmar Now မှ သတင်းထောက်ကိုဆွေဝင်းသည်လူသားဆန်သည့်သူရဲကောင်းတစ်ဦးအဖြစ်
ဂုဏ်ပြု မှတ်တမ်းတင်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊

၂။       အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ နစ်နာဆုံးရှုံးမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးတို့က တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန်နှင့် အဆိုပါ မြန်မာအိမ်အကူမလေးနှစ်ဦးအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများကို တာဝန်သိသူများအနေဖြင့် စွမ်းနိုင်ရာက ၀ိုင်းဝန်း ပါဝင်ကူညီကြပါဟုလည်းကောင်း၊

၃။      အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦးကဲ့သို့ အခြားနေရာများ၌ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများလည်း မြောက်မြားစွာ ရှိနိုင်ပါသည်၊ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်သူအားလုံးကိုလည်း တာဝန်သိသူ တာဝန်ရှိသူအားလုံးတို့က စနစ်တကျ ဖော်ထုတ်ခြင်း၊ စနစ်တကျ တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းများကို မဖြစ်မနေ ပြုလုပ်ကြပါဟုလည်းကောင်း၊

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးက လေးလေး
နက်နက် တိုက်တွန်းပါကြောင်းနှင့် အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူ
မလေးနှစ်ဦးအတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကြီးကလည်း လိုအပ်သည်များကို ကူညီထောက်ပံ့သွား
မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါသည်။

စာအမှတ်၊ ၀၀၀၄/စီမံ-မဘသ/ ၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ တော်သလင်းလပြည့်ကျော် ၇-ရက်၊
(စက်တင်ဘာလ ၂၃-ရက်၊ ၂၀၁၆) သောကြာနေ့

                                                     ``ဘဒ္ဒန္တတိလောကာဘိဝံသ´´
   ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
   အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
    ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

                 ``မဘသ(ဗဟို)Online Media´´

Post a Comment

Credits