မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ၊ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံအားတစ်စစီ ခွဲခြားပစ်၍ မရနိုင်ကောင်းပါ။အဘယ်ကြောင့် ဆိုသော် 'မြန်မာနိုင်ငံ'ဟူ၍ ဖြစ်ပေါ်လာရန် သန္ဓေတည်မှုသည် ဗုဒ္ဓဘာသာကို အခြေပြုတည်ထောင်ခဲ့သော နိုင်ငံဖြစ်နေသည်ကို အဘယ်မည်သော ပုဂ္ဂိုလ်ကမှ ငြင်းဆန်၍မရနိုင်သောကြောင့် ဖြစ်သည်။
ဘုရင်(အစိုးရ) အဆက်ဆက်သည် ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံ
ကိုဒွန်တွဲလျက် တစ်သားတည်းဖြစ်ရန် စီမံအုပ်ချုပ်ခဲ့ကြသည်။ အနည်းငယ်သောမောဟထူပြောသည့် ဘုရင်များသာဆွမ်းဆန်
ထြဲ<ွကက်ချေးရောသလို ဗုဒ္ဓဘာသာကို လျစ်လျူရှုထားခြင်းများရှိခဲ့ပါသည်။
သို့သော်လည်း ဗုဒ္ဓဘာသာတရားတော်တွေသည် မဂ္ဂင်ရှစ်ပါးကို အခြေခံထားလျက် သန္တိသုခနှင့် ပြည့်စုံသောတရားတော်တွေဖြစ်ပါသည်။ သမုတ်ထားသော သမုတိသစ္စာတရားများမဟုတ်၊ မဖောက်မပြန်မြတ်သော ပရမတ္ထသစ္စာတရားတော်များ ဖြစ်ပါသည်။ရိုးရှင်းစွာ ဥပမာနှင့် ပြောရလျှင် ပတ္တမြားမှန်လျှင် နွံမနစ်သကဲ့သို့ ဖြစ်ခဲ့သည်။
သက်ဦးဆံပိုင် ဘုရင်တွေပဲဖြစ်စေ၊ နယ်ချဲ့အစိုးရပဲဖြစ်စေ၊ ဖက်ဆစ်အစိုးရပဲဖြစ်စေ၊ ပါလီမန်ဒီမိုကရေစီ အစိုးရပဲဖြစ်စေ၊ စစ်အစိုးရများပဲဖြစ်စေ၊လူ့အခွင့်အရေးကို ဦးစားပေးသော အစိုးရပဲဖြစ်စေ ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံကို ခြားနားသွားအောင် ပြုလုပ်၍မရနိုင်ပါ။ ပြည်သူများက လုံးဝ(လုံးဝ)လက်ခံလိမ့်မည်မဟုတ်။
လွန်ခဲ့သော သာသနာ သက္ကရာဇ်၂၅၆ဝ ကျော်ကျော်၌က
ပင် မြတ်ဗုဒ္ဓဘုရားရှင် ပွင့်တော်မူစကတည်းက မြန်မာနိုင်ငံသည် 'ဦးငါးဦး'ပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံသားများဖြစ်သောတပုဿနှင့် ဘလ္လိကမွန်ညီနောင်ကုန်သည် နှစ်ဦးတို့က -
၁။ ။ ဗောဓိပင်နှင့် ရွှေပလ္လင်၌ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်ရှိပြီးနောက် လူသားများအနက် ဦးစွာ ဖူးတွေ့ရခြင်း။
၂။ ။ 'ဗုဒံ္ဓသရဏံဂစ္ဆာမိ၊ ဓမံ္မသရဏံဂစ္ဆာမိ'ဟူ၍ ဒွေဝါစိကသရဏဂုံ ဦးစွာတည်ရခြင်း။
၃။ ။ အကြိုဧကဒဂ်ဘွဲ့ထူးကို ဦးစွာရရှိခြင်း။
၎။ ။ ဥပါသကာ ဦးစွာဖြစ်ရခြင်း။
၅။ ။ စေတီ(ရွှေတိဂုံ)ဘုရားကို ဦးစွာတည်ရခြင်းတို့ဖြစ်သည်။
နောက်ထပ် ဂုဏ်ယူစရာတစ်ခုကိုလည်း ပြောပြချင်ပါသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် ပြည်ထောင်စု မြန်မာနိုင်ငံသို့ ဒေသစာရြီ<ွကရောက်လျက်တရားဓမ္မဟောကြား ချီးမြှင့်တော်မူခဲ့ပါသည်။
၁။ မြတ်ဗုဒ္ဓသည် ပထမဝါဆိုတော်မူပြီးနောက် သရေခေတ္တရာပြည်ဖြစ်လာမည့်ဒေသ ဖိုးဦးတောင်သို့ ဒေသစာရြီ<ွကချီခဲ့ပြီး ဘီလူးနှင့် နဂါးတို့အား ဆံတော်များပေးတော်မူခြင်း။ (အကျယ်ကိုပြည်ရွှေစံတော်သမိုင်းကို ရှုပါ)
၂။ မြတ်ဗုဒ္ဓသည် ဝါတော်ရှစ်ဝါမြောက်တွင် ဂဝံပတိ ရဟန္တာ၏ ပင့်လျှောက်ချက်အရ သုဝဏ္ဏဘူမိ သထုံပြည်သိြု့<ွကရောက်တော်မူခြင်း။
၃။ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၁၃ခုနှစ်တွင် စန္ဒသူရိယမင်း၏ ပင့်လျှောက်မှုအရ ဓညဝတီရခိုင်ပြည်သိြု့<ွကချီတော်မူခြင်း။
၎။ မြတ်ဗုဒ္ဓသည် ဝါတော် ၂ဝ တွင်သုနာပရန္တတိုင်းသား စူဠပုဏ္ဏ၊ မဟာပုဏ္ဏညီနောင်တို့ကို အကြောင်းပြု၍မင်းဘူး၊ လယ်ကိုင်းအရပ်သို့ြ<ွကချီတော်မူပြီး စက်တော်ရာများချထားတော်မူခြင်း။
၅။ မြတ်ဗုဒ္ဓသည် ဝါတော် ၃၅ ဝါအရ၌ ယခုအခါ တန့်ကြည့်တောင်ခေါ် ဟိရညတောင်သို့ြ<ွကချီတော်မူခြင်းတို့ဖြစ်ပါသည်။
(ဤငါးချက်သည်စာရေးသူ လေ့လာမိသမျှ ဖော်ပြခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း၌အခြားသြော<ွကချီရာနေရာများကျန်ရှိနေပါက ဖော်ပြပေးကြရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။)
ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဘူမိနက်သန် မှန်သော နိုင်ငံဖြစ်၍ မြတ်ဗုဒ္ဓသာသနာထွန်းကားခဲ့၊ ထွန်းကားနေဆဲဖြစ်
သည်။ဗုဒ္ဓဘာသာနိုင်ငံများအနက် မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓသာသနာ အထွန်းကားဆုံးနိုင်ငံဖြစ်နေသည်ကိုလည်း အတိတ်နှင့် ပစ္စုပ္ပန် အခြေအနေတွေကထောက်ပြလျက်ရှိလေသည်။
သာသနာပြု မင်းများဖြစ်ခဲ့ကြသော ပုဂံခေတ်က အနော်ရထာ
မင်း၊ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းစသည့်များ၊ ဟံသာဝတီခေတ်က ဘုရင့်နောင်၊ မွန်ဘုရင်မကြီး ရှင်စောပု၊ဓမ္မစေတီမင်း စသည်များ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ်ကဘုရင်စသည်များသည်
ဗုဒ္ဓဘာသာသာသနာကို နေလိုလလိုထွန်းတောက်ပြန့်ပွားရန် ဆောင်ရွက်ခဲ့ကြသည့်အပြင် ကာကွယ်စောင့်ရှောက်ခဲ့ကြသော ဘုရင်မင်းမြတ်
များလည်း ဖြစ်ကြပါသည်။
ထိုမင်းများသည် မြတ်ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်လျှင် ပြည်တွင်း
မှာသာမက အခြားသော ပြည်ပနိုင်ငံများက သာသနာတော်ကို ကာကွယ်ရန်
အကူအညီတောင်းခံလာလျှင်လည်းလျင်မြန်စွာ အကူအညီပေးခဲ့ကြသည်။
ခရစ်နှစ် ၁၅၆ဝ ပြည့်နှစ်က ဘာသာခြားပေါ်တူဂီတို့သည် သီရိလင်္ကာနိုင်ငံ
ကန္ဒီမြို့ကိုသိမ်းပိုက်လျက် မြတ်ဗုဒ္ဓ၏ အောက်လက်ဝဲစွယ်တော်ကို ဂိုအာသို့ယူဆောင်သွားမည်ဖြစ်ရာ ထိုသတင်းကိုကြားသိရလျှင် ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာဆိပ်ကမ်း၌ဆိုက်ကပ်ထားသော ပေါ်တူဂီသင်္ဘောပေါ်သို့သူလျှိုများ စေလွှတ်လျက် မြတ်ဗုဒ္ဓစွယ်တော်အား ငွေသားအသပြာ ရှစ်သိန်းပေး၍ ရွေးယူစေပါသည်။
စစ်ဗိုလ်စစ်သားများက ငွေလက်ခံလိုသော်လည်း ခရစ်ယာန်ပေါ်တူဂီများ
ဂိုဏ်းချုပ် ဘုန်းကြီးက ခရစ်ယာန် သာသနာပြုရေးတွင် အနှောင့်အယှက်ဖြစ်ပေ
လိမ့်မည်ဟု တွေးတောယူဆထား၏။ ၎င်းကပင်ဖျက်ဆီးပစ်ရန်ပြောကြားသဖြင့် ခရစ်သက္ကရာဇ်၁၅၆၁ခုနှစ်၌အများသူငါ ရှေ့တွင်မီးရှို့ဖျက်ဆီးပြီး မြစ်ထဲ မျောရန် ပြုလုပ်ကြသည်။
သို့သော်ငြားလည်း မြတ်ဗုဒ္ဓစွယ်တော်အစစ်ကို လုံခြုံရာသို့ ဖယ်ထားကာ၊ အတုနှင့် အစားထိုးနိုင်ခဲ့သဖြင့်အတုသာဖျက်ဆီးခြင်းခံရလေသည်။
ခရစ်နှစ် ၁၅၇၆ ခုနှစ်ကလည်းသီရိလင်္ကာနိုင်ငံ၌ ပုန်ကန်ထြ<ွကမှုများဖြစ်ပေါ်ခဲ့သည်။ နိုင်ငံပြိုကွဲမည့်အဖြစ်နှင့် ကြုံကြိုက်နေရာ နိုင်ငံလေးပိုင်းကွဲသွားမည့် အခြေအနေသို့ ရောက်ရှိနေလေသည်။
၁။ ကွတ်တည်မင်း
၂။ ခန့်တည်မင်း
၃။ သီတာဝက်မင်း
၎။ ဓမ္မပါလမင်း
ဟူ၍ မင်းလေးပါးထီးပြိုင်၊ နန်းပြိုင်ပြုလျက် စည်းလုံးညီညွတ်မှုမရှိဘဲဖြစ်နေ
သည်။ ဓမ္မပါလမင်းသာလျှင် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်၍ ကျန်သုံးပါးသည် ဘာသာခြား မိစ္ဆာအယူများရှိနေကြသည်။
ထိုအခါ ဓမ္မပါလမင်းသည် မြန်မာနိုင်ငံမှ ဘုရင့်နောင်မင်းတရားကြီး
ထံအကူအညီများ တောင်းခံခဲ့၏။ ဘုရင့်နောင်မင်းတရားကြီးသည် သင်္ဘောငါးစီးဖြင့် တစ်စီးလျှင် ငါးရာစီ စစ်သည်တော်နှင့် နှစ်ထောင့်ငါးရာအား သီရိလင်္ကာနိုင်ငံသို့ စေလွှတ်လိုက်သည်။
မြန်မာဘုရင် ဘုရင့်နောင်မင်း၏တပ်များ သီရိလင်္ကာနိုင်ငံသို့
ရောက်ရှိသွားသောအခါ တပ်စခန်းချရာနေရာ၌ စစ်သည်တော်များ စည်းကမ်းတကျစစ်ရေးလေ့ကျင့်နေခြင်းတို့ကို မင်းသုံးပါး၏
ထောက်လှမ်းရေးများ တွေ့မြင်ကြရ၏။
သီရိလင်္ကာနိုင်ငံသို့ 'ယခုရောက်ရှိနေသော စစ်အင်အားသည်ရှေ့ပြေး
အထောက်တော်များသာဖြစ်၍နောက်ထပ် အလုံးအရင်းဖြင့် စစ်သည်အင်အား အများအပြား ရောက်ရှိလာဦးမည်'ဟု သတင်းရရှိပါကြောင်းမင်းသုံးပါးတို့အား ¤င်းတို့၏ ထောက်လှမ်းရေးတွေက သံတော်ဦးတင်ကြ၏။
ထိုအခါ မင်းသုံးပါးတို့သည် အညံ့ခံကြသည်။ သွေးထွက်သံယိုမှုနှင့် အသေအပျောက်မရှိဘဲ စစ်အောင်နိုင်ခဲ့၏။သို့ဖြင့် ဘုရင့်နောင်မင်းတရားကြီး၏ ကူညီပေးမှုကြောင့် သီရိလင်္ကာနိုင်ငံသည်မပြိုကွဲတော့ဘဲ ဗုဒ္ဓဘာသာ သာသနာတော်လည်း ပြန်လည်စည်ပင်ခဲ့ပါသည်။
အာဖဂန်နစ္စတန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စသည်များသည်တစ်ချိန်က ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ
များ ဖြစ်ခဲ့သည်။
ခေတ်အလိုက် သက်ဆိုင်ရာနိုင်ငံများ၏ ဘုရင်(အစိုးရ)များကဗုဒ္ဓဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မှု မပေးခဲ့ကြ၍ ဗုဒ္ဓဘာသာနိုင်ငံများ
အဖြစ်မှ ဘာသာခြားနိုင်ငံများအဖြစ်သို့ ရောက်ရှိသွားရခြင်းဖြစ်သည်။
ထိုနိုင်ငံတွေ၏သမိုင်းကြောင်းများကိုဂဃနဏလေ့လာကြည့်က ငြင်း၍မရနိုင်သော သက်မဲ့အထောက်အထားတွေ များစွာရှိနေလေသည်။
ယခုအချိန်အခါမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် မြတ်ဗုဒ္ဓ သာသနာတော်၏ ခံတပ်ကြီးသဖွယ် ဖြစ်နေပါသည်။ ၎င်းခံတပ်ကြီးအား မင်း(အစိုးရ)နှင့် ပြည်သူတို့က စိတ်တူကိုယ်တူညီညွတ်စွာဖြင့် ကာကွယ်စောင့်ရှောက်ထားပါမှ အမျိုး ဘာသာ သာသနာသည်
မြန်မာနိုင်ငံနှင့်အတူ ဤကမ္ဘာတည်သ၍ ရှိနေမှာဖြစ်သည်။
သို့ပါသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ အဘယ်သို့သော
မင်းအစိုးရဖြစ်နေပါစေ -
၁။ လောက - နိုင်ငံသားတို့၏ ကောင်းကျိုး၊
၂။ ဓမ္မ - ဘာသာ သာသနာ၏ အကျိုးကျေးဇူးတရားများ၊
၃။ ရာဇ - မင်းကျင့်တရား ဆယ်ပါးနှင့်အညီ အုပ်ချုပ်သော မင်း(အစိုးရ)များသို့မဟုတ် မင်း(အစိုးရ)များသည် လောက၊ ဓမ္မ၊ ရာဇ သုံးပါးစလုံးနှင့်အညီအုပ်ချုပ်ပါက ၎င်း(အစိုးရ)မင်းတို့၏ သမိုင်းကြောင်းတွေသည် လှပနေမှာဖြစ်ပါကြောင်း။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု။
ကိုရွှေဝင်းသန့်
စာကိုး။
ကျိုက်ထီးရိုးစေတီတော်သမိုင်း
ပြည်ရွှေဆံတော်သမိုင်း။
အောင်ဇေယျတုဂျာနယ် အမှတ် (၁၃၇)
``မဘသ(ဗဟို)Online Media´´
Post a Comment