တာမွေမြို့နယ် မြို့မရဲစခန်းမှ မီးတန်းယာဉ်၊ ဆိုင်ကယ်တို့ဖြင့် မြို့နယ်အတွင်း လှည့်ကင်းပူးပေါင်းဆောင်ရွက် နေစဉ် အောက်တိုဘာ ၂၂ ရက် နံနက် ၀၀း၁၀ နာရီခန့်တွင် အရိုးကုန်းရပ်ကွက်သို့ရောက်ရာ ဗညားဒလလမ်း၊ အိမ်အမှတ် (၂၆၁) ၏ နောက်ဖေးလမ်းကြားမှ နာစီး၊ ဗညားဒလလမ်းနှင့် ဦးလွန်းလမ်းဆုံရာမှ မောင်လှ(ခ)ကိုရီမိုဒီ၊ ရွှေမောင်(ခ)ဆူရီနိုရီတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ နံနက် ၃ နာရီခန့်တွင် အထက်ပါလမ်းကြားမှပင် လာလူးကို ဖမ်းမိခဲ့ကြောင်း၊
နံနက် ၁၁ နာရီခန့်တွင် အောင်မင်္ဂလာရပ်ကွက် ကံကော်လမ်းထိပ်တွင် ဆူနီရာဒမ်ပါကို ထပ်မံတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာမွေမြို့မ ရဲစခန်းမှ သိရသည်။
“သူတို့က ဟိုးအပေါ်ဆုံးမှာ နေ နေကြတာ။ ဗိုက်ဆာလို့ ထင်တယ်၊ နောက်ဖေးရေပိုက်ကနေ တွယ်ပြီးဆင်းလာကြတာကို နောက်ဖေးပေါက်ကနေ လှမ်းမြင်ရတဲ့ ပြည်သူက သတင်းလှမ်းပေးရာကနေ အခုလို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
ပထမတယောက်မိတော့ ဗမာစကားမတတ်တဲ့အတွက် သူတို့ရဲ့ ဘာသာစကားတတ်တဲ့လူကိုခေါ်ပြီး မေးမြန်းစေရာကနေ ငါးယောက်စလုံးကို ဖမ်းမိခဲ့တာပါ။ ငါးယောက်စလုံးက ဘင်္ဂါလီလူမျိုး အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ဆေးနေဆဲပါ”ဟု တာဝန်ကျ ရဲအရာရှိက ပြောသည်။
၎င်းတို့ ၅ ဦးကို လ၀က အက်ဥပဒေနှင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
AT
News Watch News
Post a Comment