သူ့နာမည်က ဘန်စာ။သူက ဘေဘီလုံမြို့သားတစ်ယောက်။သူ့မိသားစု ဘဝရပ်တည်ရေးအတွက် နှစ်ဘီးတပ် စစ်ရထားများ တပ်ဆင်တည်ဆောက်ပြီးအသက်မွေးဝမ်းကျောင်းရသူတစ်ဦးဖြစ်သည်။
သူသည် သူ၏ အိမ်ခြံစည်းရိုး အုတ်တံတိုင်းငယ်လေးပေါ်တွင်ထိုင်ကာ သူပိုင်ဆိုင်သမျှ သူ၏အိမ်စုတ်ကလေးကိုကြည့်ရင်း အလွန်အမင်း စိတ်ဓာတ်ကျဆင်းလျှက်ရှိသည်။ သူ၏ အိမ်ဘေးရှိ သူအလုပ်လုပ်သည့်နေရာမှ အပြီးမသတ်ရသေးသော တစ်ဝက်တစ်ပျက် လုပ်လက်စ ပြိုင်ရထားတစ်စီးကို ငေးကြည့်နေမိသည်။
တံခါးဝမှ ဇနီးသည်က မကြာခဏဆိုသလို သူ၏ အခြေအနေကို လှမ်းကြည့်အကဲခတ်နေသည်။သူ့မိန်းမ စိတ်ထဲတွင် ရေရွတ်နေမည့် စကားသံတွေကိုသူ ကြားယောင်မြင်ယောင်နေမိသည်။
ရိက္ခာမပြည့်စုံတဲ့ တို့မီးဖိုချောင်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ရမယ် မှတ်လား မြန်မြန်ဆန်ဆန် ရွေပေါ်ထိုးပြီး သံရိုက်စရာ ရှိတာရိုက်ပါလား၊ ပေါ်လစ်တင်ဆေးသုတ်ပြီး အမြန်လက်စသတ် ပါတော့လား ၊ မြင်းရထား အမြန်ပြီးမှ အလုပ်လာအပ်တဲ့သူဌေးဆီက လုပ်အားခငွေ အမြန်ရမှာမို့ မိသားစုသုံးစွဲဖို့ အဆင်ပြေကြမယ်မဟုတ်ပါလား။
သူ့မိန်းမစိတ်ထဲက စကားသံတွေကို သူကြားယောင်နေသော်လည်း မတုန်လှုပ် ၊ ထိုင်မြဲတိုင်းထိုင်နေလျှက်ပင်။
သူ မလှုပ်ရှားနိုင်လောက်အောင် ကြီးမားသော ပြဿနာတစ်ရပ်သေူ့ခေါင်းထဲတွင် ပြည့်နက်နေသည်။ သူ၏ ရှိသမျှသော မဖြစ်စလောက် စဉ်းစားဥာဏ်နှင့် လုံးဝလိုက်မမှီနိုင်သော အဖြေရှာမရသည့် ပြဿနာ ဖြစ်သည်။
ပူပြင်းလှသော ယူဖရေးတီးမြစ်ဝှမ်းဒေသ၏ နေပူရှိန်အောက်တွင် သူ မလှုပ်မယှက်နိုင်အောင် ဖြစ်နေသည်။ သူ၏ ပါးပြင်နှင့်လည်ပင်းတစ်လျှောက်တွင် နဖူးမှချွေးသီးချွေးပေါက်များ စီးဆင်းကာ ရင်ဘတ်ရှိ အမွှေးအမျှင်များကြားတွင် နစ်ဝင်ကွယ်ပျောက်သွားကြသည်။
သူ၏အိမ်မှ အဝေးဆီသို့ အိမ်အမိုးကိုကျော်၍ လှမ်းမျှော်ကြည့်လိုက်လျှင် ဘုရင့်စံနန်းတော်မှ နန်းတော်ထိပ်ဖျားအထိ သူလှမ်းမြင်နေရသည်။ နန်းတော်နှင့်အတူ ကြီးမားခန့်ညားလှသည့် ဘဲလ် ဘုရားကျောင်းက အပြာရောင် မိုးကောင်းကင်တွင် အထင်အရှား ကျက်သရေရှိလှသည်။ ထိုခန့်ညားလှသော ကြီးကျယ်လှသော အဆောက်အဦးများနှင့်မနီးမဝေးတွင် ညစ်ထေးစုတ်ချာလှသော အိုးအိမ်ငယ်လေးများ ရှိကြသည်။ထိုထဲတွင် သူ၏ အိမ်စုတ်ကလေးလည်း အပါအဝင်ဖြစ်သည်။ ဘေဘီလုံမြို့က ကြီးကျယ်ခန်းနားမှုနှင့် သိမ်ငယ်စုတ်ချာမှု ၊ အေးချမ်းမှုနှင့် ပူလောင်မှု စသည့် ဆန့်ကျင်ဘက်တို့ ရောယှက်၍ ကာရံထားသော မြို့တစ်မြို့ဖြစ်သည်။
သူ၏နောက်သို့ ကြည့်လိုက်ပါလျှင် လမ်းမပေါ်တွင် ဆူညံစွာ ခြူသံပေး၍ ပြေးလွှားသွားလာနေသော လူချမ်းသာတို့၏ မြင်းရထားများကိုတွေ့နိုင်သည် ။ ထျု့အတူပူပြင်းလှသော နေရောင်ခြည်အောက်တွင် ဖိနပ်မပါသော သူတောင်းစားများကိုလည်း သွားလာနေသောလူအများကြားတွင် များပြားစွာ တွေ့မြင်ရသည်။ ဘန်စာ တစ်ယောက် ပတ်ဝန်းကျင်ကို စိတ်မဝင်စားနိုင်အောင် သူ့ပြဿနာ က သူ့အာရုံကို ဖမ်းစားထားသည် ။
ထိုစဉ် သူ့အာရုံကို ထိုးဖောက်လာသည့်ံ့ဂီတသံတစ်ခုကြောင့် သူ၏အတွေးများ ရပ်တန့်သွားရသည်။
သူ၏နောက်ဘက်တွင် ပြုံးရွှင်နေသော သူငယ်ချင်းဖြစ်သူ တေးသီချင်းဆရာ ကိုဘီကို တွေ့လိုက်သည်။
"သူငယ်ချင်း ဘန်စာ တစ်ယောက် နေကောင်းနေပြီထင်တယ် ၊ ဘုရားသခင်ကကြီးကြီးမားမားကောင်ကျိုးပြုထားတယ်ဖြစ်မယ် ၊ ဒါကြောင့်လည်း စိတ်အေးလက်အေး နေနိုင်တာပေါ့ဟု ဝမ်းသာအားရ နှုတ်ခွန်းချွေနေသည်။ ငါ့သူငယ်ချင်း ကောင်းစားရင် ငါလည်းကောင်းစားတာပဲပေါ့ကွာ ၊ ငါ့ကိုလည်း နည်းနည်းပါးပါး ကြညိ့ရှုပြီး ပေးသုံးပါဦး၊ မများပါဘူး ငွေဒင်္ဂါး နှစ်ပြားလောက် ခဏချေးစမ်းပါ ၊ မင်းကအခုချိန်မှာ ၊ အစဉ်ပြေနေတာမှတ်လား။ "
"အစဉ်ပြေဖို့အသာထား ၊ မင်းပြောတဲ့ငွေဒင်္ဂါးနှစ်ပြားမဆိုထားနဲ့ တစ်ပြားတောင်မှ ငါ့မှာမရှိတာ "ဟုစိတ်ဓာတ်ကျဆင်းစွာ ဘန်စာက တုံ့ပြန်သည် ။"
"ဘယ်လိုကွ၊ မင်းဆီမှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှမရှိဘဲတော့ အေးအေးဆေးဆေး မင်းထိုင်နေနိုင်သလား ။ လုပ်စရာရှိတဲ့အလုပ်တွေကိုမြန်မြန် အပြီးသတ်လေကွာ ၊ ဒါမှပိုက်ဆံရမှာပေါ့လ၊ မင်းက ငါ့သူငယ်ချင်း မဟုတ်သလိုပဲလား ၊ အရင်ကမင်းရဲ့စွမ်ရည် ဝီရိယတွေ ဘယ်ရောက်ကုန်ပြီလဲ၊ မကောင်းတဲ့ ပယောကတစ်ခုခု ပူးကပ်နေပြီထင်တယ်။"
"မင်းပြောတာ အမှန်တွေချည်းပဲ"ဟု ဘန်စာက တုံ့ပြန်သည်။ အဓိက ပြဿန က ငါ အိမ်မက်တစ်ခုကနေစတာပဲကွာ"ဟုပြောဆိုလိုက်သည်။
"မင်းအိမ်မက်က ဘယ်လိုမျိုးလဲကွ"
"ဘယ်လိုလဲဆိုတော့ကွာ အိမ်မက်ထဲမှာက ငါက သန်းကြွယ်သူဋ္ဌေးဖြစ်သွားတယ်။ ငွေဒင်္ဂါးတွေ အပြည့်ရှိတဲ့ ငွေအိပ်ကြီးကို ခါးမှာချိတ်ပြီး သူတောင်းစားတွေကို တစ်ပြားပြီးတစ်ပြားဝေပေးနေတာ ၊ ငါကိုယ်တိုင် ငွေဒင်္ဂါးတွေအပြည့်ကိုင်ပြီး မိန်းမအတွက် လိုအပ်တဲ့အသုံးအဆောင် ဇိမ်ခံပစ္စည်းတွေကို တဝကြီးဝယ်ချမ်းပေးနေတာ ၊ ငါနဲ့ ငါ့မိသားစု လိုအပ်တာတွေဝယ်ပြီးတဲ့အပြင် ငွေဒင်္ဂါးတွေအပြည့်နဲ့ဆိုတော့ အရမ်းကိုစိတ်ချမ်းသာ ပျော်ရွှင်နေတာကွ ၊ နဖူးကချွေးခြေမကျအောင် နေပူမရှောင် မိုးရွာမရှောင် တကုပ်ကုပ် အလုပ်လုပ်နေရတဲ့ ဘန်စာ မဟုတ်တော့ဘူး ၊ သန်းကြွယ်သူဋ္ဌေး ဘန်စာဖြစ်သွားတာကွ ငါ့မိန်းမ မျက်နှာဆိုရင် ခုပုံစံမျိုးဘယ်ဟုတ်တော့မလဲ ၊ ငါတို့ညားခါစကလိုပုံစံမျိုး ပြုံးရွှင်ကြည်လင်နေတာမှ မင်းတောင်မှတ်မိမှာမဟုတ်တော့ဘူးကွ"
"ဟာ ဒီလောက်ကောင်းတဲ့အိမ်မက်မျိုး မက်ထားတာတောင် မင်းက မှိုင်တွေချနေရသလားကွာ ၊ ပျော်ပျော်ရွှင်ရွှင်နေစမ်းပါ "
နောင်နေ့တွက် ဆက်လက်ဖော်ပြပါမည်။
ဝေနိုးကျော်
ဒေးဒရဲသားလေး
Credit
ကိုတင်ဝင်းလှိုင်
လေဘီလုံမှ အချမ်းသာဆုံးလူ